နော်ဝေနိုင်ငံ အော်စလို မှာတုန်းက ဗမာမိသားစု တစု ရဲ့ ကလေးလေး ၉ နှစ်၊ ဆယ်နှစ်အရွယ် ကောင်မလေးကို အန်တီတယောက်က ဇာတ်တော်ကြီးဆယ်ဘွဲ့ အကြောင်း ပြောပြတယ်ဆိုတာကြားတော့ မြလေး ငယ်ငယ်တုန်းက တောင်ကြီး အမှတ် (၅) ကျောင်းမှာ ၃၈ ဖြာမင်္ဂလာ ဇာတ်တခု ကို သူငယ်ချင်းတွေနဲ့ ကခဲ့တာကို ပြန်သွားသတိရတယ်။
ငါတို့ ကတာ ၅ တန်းတုန်းကလား၊ ၆ တန်းတုန်းက လား။ အသေအချာ မမှတ်မိတော့ဘူး။ သူငယ်ချင်းတို့ ရေ ငါ့ကို ၀ိုင်းပြောပေးကြပါဦး အချက်အလက်တွေ အသေအချာ မမှတ်မိလို့ ။ ငါက အမေနေရာမှာ သရုပ်ဆောင် ရတယ်လေ။
သူငယ်ချင်း မင်းကြီး။ ငါနင့်ကို အီးမေးလ်ပို့ ထားတယ်။ နင်ဒီဘလော့ကို ဖတ်ဖြစ်ရင် ငါ့ကို အီးမေးလ် ပို့ ပါဦး။
Wednesday, 9 February 2011
Tuesday, 9 February 2010
အမေ့ရဲ့ မွေးနေ့
ဖေဖော်ဝါရီ ၇ ရက်နေ့ က(ရှမ်းပြည်နယ်နေ့)၊ရှမ်းအမျိုးသားနေ့ ဖြစ်သလို မြလေးအမေရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ အမေရှိခဲ့ရင်တော့ ပျော်နိုင်တာပေါ့။ အမေ့မျက်နှာကို မမြင်တာ အခုဆို လေးနှစ်ကျော်ပါပြီ။ အမေ့အကြောင်းကို ပြန်စဉ်းစားရင် သူနောက်ဆုံး ရောဂါဝေဒနာခံစားရတာကို မျက်စိထဲမြင်ယောင်နေတယ်။ ၂၀၁၀ ဖေဖော်ဝါရီ ၆ ရက်နေ့ က နေ ဒီနေ့ ၉ ရက်နေ့ အထိ မငိုခဲ့ဘူး။ ဗမာပြည်က အိမ်ကိုဖုန်းဆက်တယ်။ ဒါပေမယ့် ၉ရက်နေ့ ညနေကျတော့ မငိုဖို့ အောင့်ထားတာ မခံနိုင်တော့ဘူး။ ငိုတယ် ငိုတယ်။ အရမ်းငိုတယ်။ ရင်ထဲမှာလဲ အောင့်တယ်။ နာတယ်။
ဘေးနားက ဒေါ်အောင်ဆန်းစုကြည်ပုံကို မြင်တော့ ဒေါ်အောင်ဆန်းစုကြည် စွန့်လွှတ် အနှစ်နာခံ ဒါကိုယှဉ်ကြည့်ရင်တော့ မပြောပလောက်ဘူးပေါ့။ ထမင်းစားဖို့ ကားဂိတ်တွေ၊ဈေးတွေမှာ မြို့ပေါ်မှာ တောင်းစားနေရတဲ့ ကလေးတွေ။ ပိုက်ဆံအများကြီးပေးရတဲ့ ပုဂလိက ဆေးခန်းတွေမှာ မသွားနိုင်လို့ အစိုးရ ဆေးရုံဆေးခန်း တွေမှာ တန်းစီနေတဲ့ လူနာတွေ။ လူများနိုင်ငံ နယ်စပ်တွေမှာ ဒုက်ခရောက်နေတဲ့ တိုင်းရင်းသားလူမျိုးတွေ ရဲ့အခြေအနေတွေ မြလေးမျက်စိထဲမြင်ယောင်မိတယ်။
အမေ့ကို သူရဲ့ ရင်သားကင်ဆာကနေ မကယ်နိုင်လို့ သူလဲအသက်ဆုံးတာ ဒီနှစ်ဆိုရင် လေးနှစ်ရှိပြီ။ သူ့လိုမျိုး နောက်ထပ် အမျိုးသမီးတွေ ဒီရောဂါနဲ့ သေတာမျိုးမဖြစ်အောင်၊ မြန်မာနိုင်ငံသား ဘယ်သူမဆို ဒီဆွီဒင်မှာလိုမျိုး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀မရတာတောင်မှ ဈေးအရမ်းမကြီးအောင်၊ ပြည်သူတွေကျန်းမာရေးအသိ အလွယ်တကူ ရှိလာအောင်၊ မြန်မာပြည်သူပြည်သားတွေရဲ့ ဘ၀တွေ ဒီထက်ဒီကောင်းလာအောင်လုပ်ရမှာ လူ့အသိုင်းအ၀ိုင်း တခုလုံးရဲ့တာဝန်ပါ။ မြလေးလည်း တတ်နိုင်သမျှပါဝင် လုပ်ဆောင်သွား မှာပါ။

Thursday, 19 November 2009
၁၄ရက်နေ့နိုဝင်ဘာလကနေ၁၇ ရက်နေ့နိုဝင်ဘာအထိ လန်ဒန်ကိုသွားလည်တယ်
ဒုတိယအကြိမ်မြောက်လန်ဒန်ခရီး
နွေရာသီဇွန်လ၂၂ရက်နေ့တုန်းက လန်ဒန်ကိုပထမဆုံးအကြိမ်ရောက်ခဲ့တယ်။ အဲဒီတုန်းက ဗမာ့အရေးနဲ့ ပတ်သက်ပြီးလုပ်တဲ့ Forum For Burmese in Europe အစည်းအဝေးမှာသွားနားထောင်တာပါ။ အစည်းအဝေး မှာ လူအနည်းဆုံး၅၀လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် စကားပြောဖြစ်လိုက်တဲ့ဗမာတွေက နည်းတယ်။
ဒီတခေါက်တော့ လန်ဒန်ကို အလည်သက်သက်ရောက်ဖြစ်တယ်။ အရင်တခေါက်ကလျှောက်လို့ရထားတဲ့ ဗီဇာက ဒီဇင်ဘာ၃ရက်နေ့ မှာကုန်မှာဆိုတော့ ဗီဇာမကုန်ခင် နောက်တခေါက်သွားလိုက်တာပါ (ပေးထားတဲ့ ဗီဇာဖိုးလေးတန်အောင်လို့ ဟီး..ဟီး...)။ အစကတော့ သွားလို့ရှိရင် ကွန်ပျူတာမယူသွားဘူးလို့ စဉ်းစားနေတာ။ သွားတဲ့အချိန်ကျတော့laptopယူသွား ဖြစ်တယ်။ လေဆိပ်ရောက်တော့ ကီလိုပိုနေလို့ 35£ပေးလိုက်ရတယ် (နှမြောလိုက်တာ)။
လန်ဒန်ရောက်ပြီးနောက်တနေ့မှာ Amnesty International ကလုပ်တဲ့ Student Conference 2009 မှာ မဝေနှင်းပွင့်သုန် နဲ့ အန်တီ နီတာမေတို့ ဗမာပြည်အကြောင်းပြောတာကို သွားနားထောင်ဖြစ်တယ်။ အဓိက ကတော့ ဗမာနိုင်ငံရေး အကျဉ်းသားတွေအကြောင်းပါ။ အင်္ဂလန်မှာရှိတဲ့ Universityပေါင်း ၆၅ ခုကနေလာတဲ့ ကျောင်းသားပေါင်း ၂၀၀ ကျော် လောက်လာကြတယ်။
နောက်တနေ့မှာ Burma Campaign UK ရုံးကိုသွားတယ်။ ရုံးက ၀န်ထမ်းနှစ်ယောက်က သူတို့ရဲ့အလုပ်ကြောင်း ပြောပြတယ်၊ ရှင်းပြတယ်။
ဒီလိုနဲ့ လန်ဒန်မှာနောက်ထပ်နှစ်ရက်လောက်နေပြီး ပြန်တော့မယ့်အချိန်ရောက်လာတယ်။ လေဆိပ်ရောက်လို့ Visa Check လုပ်တော့ Ryanair က ၀န်ထမ်းက မြလေးရဲ့ Passport Detail မှာ Passport ရဲ့ Place of issue က ဆွီဒင်ဆိုပေမယ့် Nationality က ဗမာဆိုပြီးရေးထားလို့ သူကမှားတယ်လို့ပြောတယ်။ Detailမှားတဲ့အတွက် 40£ ပေးရမယ်လို့သူကပြောတယ်။ မြလေးကသူ့ကို မြလေး ဆွီဒင်နိုင်ငံသားမဟုတ်သေးဘူးလို့ရှင်းပြတယ်။ ဆွီဒင်မှာနောက်ထပ် ၂နှစ်နေပြီးမှ အဲဒီမှာနိုင်ငံသားဖြစ်မယ်လို့ သူ့ကို အကြိမ်ကြိမ် ပြောတယ်။ ဒါနဲ့ သူက သူရဲ့အကြီးဝန်းထမ်းကိုဖုန်းဆက်မေးတယ်။ အကျိုးအကြောင်းပြောပြတော့ နိုင်ငံသားမဟုတ်သေးတဲ့အတွက် ပေးစရာမလိုဘူးလို့ပြောတယ်။ ဒီလိုပြသသနာမျိုး တခါမှ မကြုံဖူးဘူး။ အပြန်ဆိုတော့ ဘာမှအခက်အခဲရှိမှာ မဟုတ်ဘူးဆိုပြီးထင်ထားတာ အတော်စိတ်ညစ်ဖို့ ကောင်းတယ်။
ဒါပေမယ့် နောက်ဆုံးတော့ မြလေး ဘာကြေးမှ မပေးရပါဘူး။ သူတို့ကသာ မသိဘဲနဲ့ ဒါကိုပြသသနာလို့ ပြောလို့ပါ။ ဗမာနိုင်ငံသားနဲ့ ဆွီဒင်နိုင်ငံ နှစ်နိုင်ငံသားလုပ်လို့ ရမရ (မြလေး ကတော့ အခုအချိန်မှာ မရဘူးလို့ထင်တာဘဲ။)
မြလေးရဲ့အတွေ့အကြုံကို ဝေမျှချင်လို့ Blogမှာရေးလိုက်တာပါ။

Wednesday, 4 November 2009
ဆွီဒင်နိုင်ငံကUniversity ကျောင်းသူဘဝ
ဒီနေ့ ကျောင်းမှာ အတန်းက မနက်၁၀နာရီမှာစတယ်။ မနက်စောစော အိမ်မှာ ထမင်းဗူးပြင်ဆင်ပြီး ကျောင်းမသွားခင် ၁နာရီလောက်ရေကူးကန်မှာရေသွားကူးတယ်။ ရေကူးပြီးကျောင်းကိုသွားတော့ နှင်းစကျနေတယ်။ အေးလိုက်တာမှ အတင်းဘဲ (အရမ်းအေးတာကို မုံရွာအသုံးအနှုန်းနဲ့ပြောတာ) အပူချိန်က ၂ ဒီဂရီလားဘဲရှိတယ်။ နှင်းအများကြီးတော့ မကျပါဘူး။
ကျောင်းမှာ ဆရာစာသင်တာ အကုန်လုံးနားမလည်ဘူး။ နိုင်ငံရေးသိပ်ပံ(မြန်မာစာလုံးဆင့်မရေးနိုင်တာ သည်းခံပြီးဖတ်ပေးပါ။) ကို အင်္ဂလိပ်လိုသင်တာလေ။ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အသုံးအနှုန်း၊အင်္ဂလိပ်စကားလုံးတွေက ခက်တယ်။ လက်ကိုင်သုံး Electronic Dictionaryလေး ရှိထားရင် ကောင်းတယ်။ ဒါပေမယ့် မ၀ယ်ရသေးဘူး။
ဒီဆွီဒင်မှာ ဗမာပြည်ကကျောင်းလာတက်တဲ့သူတွေ အရမ်းနည်းတယ်။ ဗမာပြည်သားတွေ ဒီမှာ သိပ်အများကြီး မရှိဘူးလေ။ တခြားနိုင်ငံတွေကကျောင်းသားတွေက မြလေးကို ဘယ်ကလာလဲလို့မေးကြတော့...ဗမာပြည်က လို့ပြောတဲ့အခါ... တချို့က သူတို့အတွက် ဗမာပြည်သားကိုတွေ့ဘူးတာ ဒါပထမဆုံးဘဲတဲ့။ အတန်းထဲမှာတော့ နိုင်ငံအတော်များများက လာသင်တဲ့ Exchange student တွေအများကြီးဘဲ။ Russia, China, US, Britain, France, Germany, Italy, Ireland, Taiwan, Poland, Japan, South Korea, Spain, Sri Lanka, Egypt, Brazil, Kurdistan(Iran part), Ghana, South Africa, Uganda, Eritrea, Sweden စတဲ့နိုင်ငံတွေကပေါ့။ ကျောင်းသားအကုန်လုံးလာတဲ့နိုင်ငံတွေကိုတော့ မသိဘူးလေ။ သိတဲ့နိုင်ငံတွေကိုဘဲ ဖော်ပြတာပါ။ အတန်းမှာ ကျောင်းသားအရေအတွက် စာရင်းက ၉၁ ယောက်ရှိတယ်။
ဆွီဒင်မှာ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုက်ဆံအများကြီးမကုန်ဘူး။ တခြားနိုင်ငံကလာတက်တဲ့ကျောင်းသား တွေအတွက်ရော ဒီနိုင်ငံက ကျောင်းသားတွေအတွက်ပါ Tuition Feesပေးစရာမလိုဘူး။ Student Union အတွက်ဘဲ နှစ်စဉ်ကြေး ၄၈၀ Kronor (ဆွီဒင်ငွေ) ပေးစရာလိုတယ်။
Lectureသင်တဲ့အခါ Hall ကြီးထဲမှာ Projector နဲ့သင်တယ်။
ဒီမှာက ဆရာသင်ပေးတဲ့ အချိန်သိပ်မများဘူး။ ကိုယ့်ဘာသာကိုယ် စာအုပ်တွေဖတ်ရတယ်။ ကိုယ်သင်တဲ့ ဘာသာအကြောင်းလေ့လာရတယ်။ သတင်းတွေဖတ်ရတယ်။ ဗမာပြည်လိုမျိုး ကျူရှင်တွေမရှိဘူး။ ကျောင်း (University)မှာ ကိုယ်စိတ်ဝင်စားတာ(Hobby)နဲ့ ပတ်သက်ပြီးလုပ်လို့ရတဲ့ ကျောင်းသားအဖွဲ့လေးတွေ ရှိတယ်။ ဥပမာ Stockholm Association of International Affairs Amnesty Stockholm University လိုမျိုးပေါ့။ Amnesty Stockholm University ရဲ့Page မှာ နိုင်ငံရေးကြောင့်ထောင်ကျနေတဲ့ ကျောင်းသားဟောင်း ကိုမျိုးမင်းဇော်နဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေအတွက် Campaign လုပ်ကြတယ်။
မြလေးကျောင်းတက်တဲ့ အကြောင်းကို ပြောပြချင်လို့ပါ။ အများကြီးမရေးတော့ဘူး။ စာသွားဖတ်လိုက်ဦးမယ်။
မြလေး

Tuesday, 3 November 2009
၂ နိုဝင်ဘာ ၂၀၀၉
ဒီနေ့ ကျောင်းမှာ Part 3: Comparative politics စတယ်။
ကျောင်းမှာ ၂ နာရီပြီးတော့ သူငယ်ချင်းတွေ ကျောင်းကကန်တင်းမှာ ထိုင်ပြီး စကားပြောဖြစ်ကြတယ်။
rape အကြောင်း၊ အင်တာနက် ကpedophileအကြောင်းတွေ ပြောဖြစ်ကြတယ်။ ယောက်ျားလေးသူငယ်ချင်းတွေကလည်း မိန်းကလေးတွေနဲ့ ရည်းစားထားတဲ့အကြောင်းပြောကြတာပေါ့။ နေ့လယ်ပိုင်းမှာ အိမ်အသစ်အတွက် အိမ်ယာရုံးကိုသွားတယ်။ ကျောင်းသားဆောင်မှာပြောင်းရမယ်လေ။ contractတွေ ဘာတွေလုပ်ပြီးတော့ ပြောင်းရမယ့် လိပ်စာကိုဘတ်စ်နဲ့သွားတာ နေရာရှာမတွေ့ဘူး။ ညနေပိုင်းမှာ Stockholm University Amnesty အဖွဲ့ကို ဗမာပြည်အကြောင်းသွားပြောဖြစ်တယ်။

Saturday, 24 October 2009
မြန်မာပြည်နဲ့ အင်တာနက်ခေတ်

အားလုံးပဲနေကောင်းတယ်နော်
မြလေးဒီဆွီဒင်ကကျောင်းသားအဖွဲ့နဲ့ ပါဝင်လှုပ်ရှားနေတယ်ဆိုတာ ဘလော့ခ်မှာ မဖော်ပြရသေးဘူးထင်တယ်။ အဲဒီကျောင်းသား အဖွဲ့က ဆွီဒင်ဘာသာစကားနဲ့ဆိုရင် Socialdemokratiska studenters Burmautskottet လို့ အမည်ရ ပါတယ်။နိုင်ငံရေးအမြင်အရဆိုရင် Socialism ကိုအခြေခံတဲ့ Socialdemocratic Party ပါတီရဲ့ အစိတ်အပိုင်းတခု လည်းဖြစ်ပါတယ်။ Socialdemocratic Partyက ဆွီဒင်မှာ အကြီးဆုံးနိုင်ငံရေးပါတီတွေ ထဲမှာ တခုအပါအ၀င်ပါ။ Socialdemokratiska studenter ဆိုပြီး ကျောင်းသားတွေအတွက် ပါတီက အဖွဲ့ နာမည်ပေးထားပါတယ်။ မြန်မာနိုင်ငံအရေး အတွက်လုပ်တဲ့ ကျောင်းသားတွေကတော့ Socialdemokratiska studenters Burmautskottetမှာပါဝင်လှုပ်ရှားကြပါတယ်။
ဒီကျောင်းသားအဖွဲ့အကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အချိန်ကနေစပြီးသိခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ မြလေး ၂၀၀၈ ခုနှစ်ကနေစပြီး အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ်။ အခု Socialdemokratiska studenter အဖွဲ့ကနေ ထုတ်မယ့်စာစောင်မှာ ဗမာပြည်အကြောင်းရေးဖို့ ရှိပါတယ်။ ခေါင်းစဉ်ကတော့ ဗမာပြည်က အင်တာနက် နဲ့လူ့အဖွဲ့အစည်းပါ။ ဗမာပြည်မှာ စာရေး ဆရာတွေ၊ ဘလော့ခ်ရေးတဲ့သူတွေ စသည်ဖြင့် အဖမ်းခံရတာတွေ စတဲ့ သတင်းတွေကြားရပါတယ်။ ဒါပေမယ့် ဒီလို အင်တာနက် တွေမှာ ဥပမာအားဖြင့်facebook တို့ blogg တို့ twitterုတို့ မှာ ဘယ်လောက်အထိ ကိုယ့်အထင်အမြင် အယူအဆကို ဖော်ပြနိုင်သလဲ။ ကိုယ့်ရဲ့ အထင်အမြင်၊ အယူအဆကို ရေးတဲ့သူတိုင်း အဖမ်းခံရတာဘဲလား။ နအဖက ဘယ်လောက်အထိ ထိန်းချုပ်နိုင်သလဲ။ ရှိရှိသမျှသော အီးမေးလ်တွေ၊ ၀တ်ဘ်ဆိုက်ဒ် တွေကို ပိတ်နိုင်သလား ၊လိုက်စစ်နိုင်သလား။
အခုဆိုရင်ဗမာပြည်ကမလေးရဲ့သူငယ်ချင်းတွေအတော်များများ အင်တာနက်တွေသုံးလာတာတွေ့ရပါတယ်။ ဒါပေမယ့် သူတို့နဲ့ ချက်တင်မှာ စကားပြောရင် နိုင်ငံရေးအကြောင်းတွေကို သိပ်မပြောပါဘူး။ သူတို့ရဲ့ လုံခြုံရေး အခြေအနေကို စိုးရိမ်တာကြောင့်ပါ။ ဒါပေမယ့် ဒီလုံခြုံရေး နဲ့ ပတ်သက်တဲ့ အကြောင်းအရာဟာ အခုအချိန်မှာ လူတွေရဲ့ စိတ်ထဲမှာ ဘယ်လောက်အထိစိုးရိမ်ကြလဲ။ မြလေးလိုမျိုး ဗမာပြည် ပြင်ပရောက်နေတဲ့ သူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ နိုင်ငံရေးအကြောင်းပြောရင် ဗမာပြည်ကသူတွေ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရလား။ ဘယ်လောက်အထိစိုးရိမ်ရလဲ။ အချိန်တိုင်းဘဲစိုးရိမ်နေရတာလား။
ဗမာနိုင်ငံမှာ နိုင်ငံရေးဟာ လူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလား။ နိုင်ငံရေးကို လူတွေ ဘယ်လောက် လစ်လျှူရှုကြသလဲ(ငါတို့ဘာမှ မလုပ်နိုင်ဘူး၊ ဘာလုပ်လုပ် အခြေအနေက မပြောင်းလဲပါဘူးလို့ ထင်ကြသလို)။
မေးခွန်းတွေက အများကြီးပါဘဲ။ အားလုံးက နိုင်ငံရေးနဲ့ဘဲပတ်သက်နေပါတယ်။ ဗမာပြည်က လူတွေ commentပေးဖို့ အခက်အခဲ ရှိတာ မြလေး သိပါတယ်။ commentပေးနိုင်ခဲ့မယ်ဆိုရင်လည်း ကောင်းပါတယ်။ ဗမာလူမျိုးတွေ (တိုင်းရင်းသားအပါအ၀င်၊ ဗမာပြည်တွင်းကဘဲဖြစ်ဖြစ်၊ ပြည်ပကဘဲဖြစ်ဖြစ်) comment ပေးနိုင်ပါတယ်။ ပါဝင်ဆွေးနွေးနိုင်ကြပါတယ်။
မြလေး
Photo is used from http://www.internationalpen.org.uk/go/centres
Sunday, 4 October 2009
Subscribe to:
Posts (Atom)