Tuesday, 22 September 2009

စက်တင်ဘာ ၂၂ (၂၀၀၉)

bloggမှာ မရေးရတာကြာပြီ။ မြလေးကျောင်းစာတွေနဲ့လုံးပန်းနေရလို့ပါ။ စက်တင်ဘာ၁၄ရက်နေ့ကနေ၁၇ရက်နေ့အထိ Czech Republic နိုင်ငံPrague မြို့မှာ Burma Center Prague ကနေဦးစီးလုပ်တဲ့conferenceကိုသွားနားထောင်တယ်လေ။ လာတက်တဲ့သူတွေကလူကြီးတွေပါဘဲ။မြလေးကတော့Swedish Socialdemocratic Students' Burma Groupအဖွဲ့ဝင်အနေနဲ့သွားလေ့လာနားထောင်တာပါ။အတော်လေးကိုအကျိုးရှိပါတယ်။မြန်မာ(ဗမာ)ပြည်နဲ့ပတ်သက်ပြီးလှုပ်ရှားနေတဲ့ အဖွဲ့အမျိုးမျိုးကလူတွေနဲ့တွေ့ခွင့်ရတယ်လေ။ပထမရက်(၁၅ စက်တင်ဘာ)ကတော့တကယ့်ကိုလူကြီးတွေဘဲတက်တာပေါ့။ Czech Republic ရဲ့Foreign Ministry, Asia Department ကလူကြီးရော၊ဆွီဒစ်ရှ်Ambassadorရောစသည်ဖြင့်လူကြီးတွေ တက်ကြတယ်။အဲဒီနေ့စကားပြောတဲ့အထဲမှာ မြလေး လေးစားရတဲ့ မဇိုရာဖန်းလဲပါတယ်။ အခြားဆွေးနွေးချက်တွေကတော့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊Sanction၊Arms Embargo စတဲ့ခေါင်းစဉ်တွေဆွေးနွေးကြပါတယ်။ ဒုတိယရက်မှာတော့ အစည်းအဝေးလာတဲ့သူက ပထမရက်ထက်ပိုနည်းပါတယ်။ မြန်မာ(ဗမာ)လူမျိုးတွေအတွက်ပဲဆိုတော့။ မြန်မာပြည်ကနေအစည်းဝေး လာတက်တဲ့ဦးလေးနှစ်ယောက်ကလည်းသူတို့ရဲ့အတွေ့အကြုံတွေနဲ့၊အတွေးအမြင်တွေကိုပြောပြတာလဲစိတ်ဝင်စားဖို့ကောင်းတယ်။ မြလေး ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားတယ်။ ပြန်တဲ့ရက်(၁၇ရက်နေ့)မှာတော့ လေဆိပ်မသွားခင် အသိတချို့ဆီကို Post cardလေးတွေပို့လိုက်တယ်။

အားလုံးပဲစိတ်ရောကိုယ်ပါ ကျန်းမာ၊ချမ်းသာကြပါစေလို့

ဲမြလေး

1 comments:

CMS said...

အစစအရာရာ အဆင်ပြေပါစေ မြလေး :)