Tuesday, 22 September 2009

သတိရတယ်၊၀မ်းနည်းတယ်

စက်တင်ဘာ၂၂ရက်နေ့။ဒီနေ့ Stockholmမှာရာသီဥတုမကောင်းဘူး။ ရာသီဥတုကမကောင်းဘူး။ လူကတော့နေကောင်းပါတယ်။ စိတ်ကတော့သိပ်မကောင်းဘူး။ဝမ်းနည်းတယ်။သတိရတယ်။ ရေဒီယိုနားထောင်၊ သတင်းဖတ်လိုက်တိုင်း မြန်မာပြည်နဲ့ပတ်သက်ရင်ဝမ်းသာစရာ သတင်းဆိုတာမရှိပါဘူး။ ဗမာပြည်အိမ်ကို ဘယ်တော့ပြန်နိုင်မလဲဘဲစဉ်းစားနေတယ်။ နွေးနွေးထွေးထွေးရှိတဲ့အိမ်ကို ဘယ်တော့ပြန်ရမှာပါလိမ့်... တွေးတိုင်းမျက်ရည်မကျအောင်ကြိုးစားရတယ်... ကိုယ့်ထက် ဘ၀အခြေအနေဆိုးတဲ့သူတွေ တပုံကြီးပဲလေ... သူတို့ နေရာမှာမြလေးသာဆိုရင်ခံနိုင်မလား... မြလေးက ထမင်းငတ်နေတာလဲမဟုတ်ဘူး...ရန်သူတွေရန်ကနေထွက်ပြေး တိမ်းရှောင်နေရတဲ့ သူလည်း မဟုတ်ဘူး...ကျောင်းမသွားနိုင်...စာမသင်နိုင်တဲ့ဘ၀လည်းမဟုတ်ဘူး...စသည်ဖြင့် ကိုယ့်ကိုယ်ကိုနှစ်သိမ့်ပါတယ်။ အိမ်အကြောင်း၊ ဗမာပြည်အကြောင်း မတွေးတဲ့နေ့မရှိပါဘူး။ အိမ်ကိုလွမ်းတိုင်း... ကိုယ့်စိတ်ကိုခိုင်အောင်နေပါတယ်...ဒါပေမယ့်လည်း အမြဲတမ်းတော့စိတ်ကမခံနိုင်ဘူး။ ၀မ်းနည်းတယ်။ ၀မ်းနည်း တယ်။ မြလေးဒီမှာနေတုန်းတတ်နိုင်သမျှကြိုးစားပြီး ဗမာပြည်အတွက် လှုပ်ရှားမှုတွေမှာပါဝင်လှုပ်ရှား တယ်။ တတ်နိုင်သမျှစိတ်ကို ရှင်းရှင်းလင်းလင်းထားပြီး လူတွေနဲ့ သွားလာဆက်ဆံတယ်။ အမုန်းတရား နည်းသမျှနည်းအောင် ကြိုးစားတယ်။ လူဘ၀က တိုတယ်လေ။ လူဆိုတာ ဘယ်နေ့ ဘယ်အချိန်မှာ ဘာရောဂါနဲ့ သေမလဲဆို ဘယ်သူကမှ မပြောနိုင်ဘူး။

အမေ့ကိုသတိရတယ်....

အားလုံးဘဲ ဘေးဘရာဝေးကွာလို့ စိတ်ချမ်းသာကြပါစေ...

မြလေး

1 comments:

eric said...

hi sis mya lay . i have read all post about ur's Burmesisk tjej . i like it n u r so respectable girl also coz u got deep sympathize for peoples all the way. how is ur study in stockholm ? i hope u r pretty well there n busy with study. i wanna suggestion it , if u got relax study time then meet with some friends n share ur feeling n enjoy with them. loneliness make us always sick n uncomfortable feeling sometime .
enjoy ur study huh
good bless for u
ko moe han soe