ဖေဖော်ဝါရီ ၇ ရက်နေ့ က(ရှမ်းပြည်နယ်နေ့)၊ရှမ်းအမျိုးသားနေ့ ဖြစ်သလို မြလေးအမေရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ အမေရှိခဲ့ရင်တော့ ပျော်နိုင်တာပေါ့။ အမေ့မျက်နှာကို မမြင်တာ အခုဆို လေးနှစ်ကျော်ပါပြီ။ အမေ့အကြောင်းကို ပြန်စဉ်းစားရင် သူနောက်ဆုံး ရောဂါဝေဒနာခံစားရတာကို မျက်စိထဲမြင်ယောင်နေတယ်။ ၂၀၁၀ ဖေဖော်ဝါရီ ၆ ရက်နေ့ က နေ ဒီနေ့ ၉ ရက်နေ့ အထိ မငိုခဲ့ဘူး။ ဗမာပြည်က အိမ်ကိုဖုန်းဆက်တယ်။ ဒါပေမယ့် ၉ရက်နေ့ ညနေကျတော့ မငိုဖို့ အောင့်ထားတာ မခံနိုင်တော့ဘူး။ ငိုတယ် ငိုတယ်။ အရမ်းငိုတယ်။ ရင်ထဲမှာလဲ အောင့်တယ်။ နာတယ်။
ဘေးနားက ဒေါ်အောင်ဆန်းစုကြည်ပုံကို မြင်တော့ ဒေါ်အောင်ဆန်းစုကြည် စွန့်လွှတ် အနှစ်နာခံ ဒါကိုယှဉ်ကြည့်ရင်တော့ မပြောပလောက်ဘူးပေါ့။ ထမင်းစားဖို့ ကားဂိတ်တွေ၊ဈေးတွေမှာ မြို့ပေါ်မှာ တောင်းစားနေရတဲ့ ကလေးတွေ။ ပိုက်ဆံအများကြီးပေးရတဲ့ ပုဂလိက ဆေးခန်းတွေမှာ မသွားနိုင်လို့ အစိုးရ ဆေးရုံဆေးခန်း တွေမှာ တန်းစီနေတဲ့ လူနာတွေ။ လူများနိုင်ငံ နယ်စပ်တွေမှာ ဒုက်ခရောက်နေတဲ့ တိုင်းရင်းသားလူမျိုးတွေ ရဲ့အခြေအနေတွေ မြလေးမျက်စိထဲမြင်ယောင်မိတယ်။
အမေ့ကို သူရဲ့ ရင်သားကင်ဆာကနေ မကယ်နိုင်လို့ သူလဲအသက်ဆုံးတာ ဒီနှစ်ဆိုရင် လေးနှစ်ရှိပြီ။ သူ့လိုမျိုး နောက်ထပ် အမျိုးသမီးတွေ ဒီရောဂါနဲ့ သေတာမျိုးမဖြစ်အောင်၊ မြန်မာနိုင်ငံသား ဘယ်သူမဆို ဒီဆွီဒင်မှာလိုမျိုး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀မရတာတောင်မှ ဈေးအရမ်းမကြီးအောင်၊ ပြည်သူတွေကျန်းမာရေးအသိ အလွယ်တကူ ရှိလာအောင်၊ မြန်မာပြည်သူပြည်သားတွေရဲ့ ဘ၀တွေ ဒီထက်ဒီကောင်းလာအောင်လုပ်ရမှာ လူ့အသိုင်းအ၀ိုင်း တခုလုံးရဲ့တာဝန်ပါ။ မြလေးလည်း တတ်နိုင်သမျှပါဝင် လုပ်ဆောင်သွား မှာပါ။
Tuesday, 9 February 2010
Subscribe to:
Post Comments (Atom)
1 comments:
Be strong, my sis.... I miss you... My dad always ask me to live my life as you.... Always ask me to b mature and strong like you... I miss those days... Hope we can meet again
Post a Comment