Wednesday, 9 February 2011

အမှတ်၅ ကျောင်းတုန်းက ပြဇာတ်

နော်ဝေနိုင်ငံ အော်စလို မှာတုန်းက ဗမာမိသားစု တစု ရဲ့ ကလေးလေး ၉ နှစ်၊ ဆယ်နှစ်အရွယ် ကောင်မလေးကို အန်တီတယောက်က ဇာတ်တော်ကြီးဆယ်ဘွဲ့ အကြောင်း ပြောပြတယ်ဆိုတာကြားတော့ မြလေး ငယ်ငယ်တုန်းက တောင်ကြီး အမှတ် (၅) ကျောင်းမှာ ၃၈ ဖြာမင်္ဂလာ ဇာတ်တခု ကို သူငယ်ချင်းတွေနဲ့ ကခဲ့တာကို ပြန်သွားသတိရတယ်။

ငါတို့ ကတာ ၅ တန်းတုန်းကလား၊ ၆ တန်းတုန်းက လား။ အသေအချာ မမှတ်မိတော့ဘူး။ သူငယ်ချင်းတို့ ရေ ငါ့ကို ၀ိုင်းပြောပေးကြပါဦး အချက်အလက်တွေ အသေအချာ မမှတ်မိလို့ ။ ငါက အမေနေရာမှာ သရုပ်ဆောင် ရတယ်လေ။

သူငယ်ချင်း မင်းကြီး။ ငါနင့်ကို အီးမေးလ်ပို့ ထားတယ်။ နင်ဒီဘလော့ကို ဖတ်ဖြစ်ရင် ငါ့ကို အီးမေးလ် ပို့ ပါဦး။

0 comments: